မျက်လုံးသစ်
ကျွန်တော်တွေ့ဆုံခဲ့သော ကောလိပ် ကျောင်းသူတစ်ဦးသည် ခရစ်တော်ကို မကြာမီက ယုံကြည်လက်ခံခဲ့သည်။ သူ့အသက်တာပြောင်းလဲပုံ အစကို ဤသို့ပြောပြပါသည်။ “ကယ်တင်ခြင်း အတွက် ခရစ်တော်ကို ကျွန်မ ယုံကြည်ခဲ့တုန်းက ဘုရားသခင်ဟာ ကောင်းကင်ကနေ ဆင်းလာပြီး ကျွန်မမျက်လုံးအိမ်ထဲကို မျက်လုံးအသစ်တစ်စုံ ထည့်ပေးလိုက်သလိုပါပဲ၊ ၀ိညာဉ်ရေးရာ သမ္မာ တရားကို ကျွန်မနားလည်ခဲ့ရတယ်။” ကယ်တင်ရှင်နှင့် တွေ့ဆုံပြီးနောက် ၀ိညာဉ်ရေးအမြင်သစ် ရရှိပုံအကြောင်း နားထောင် ရသည်မှာ စိတ်လှုပ်ရှားဖွယ်ဖြစ်သည်။ သို့သော် သူမ၏အတွေအကြုံမှာ အထူးအဆန်း မဟုတ်ပါ။ ခရစ်တော်ကို မိမိ၏ကယ်တင်ပိုင်ရှင် အရှင်သခင် အဖြစ် လက်ခံသူတိုင်း ၀ိညာဉ်မျက်စိဖွင့်ပေးခြင်း ခံရပါသည်။ သို့ငြားလည်း မြူဆိုင်းသောအချိန်များ ရောက်လာတတ်ပြီး ကျွန်ုပ်တို့၏အမြင်ရူပါရုံများ တိမ်ဖုံး၍ မရှင်းမလင်း ဖြစ်နေတတ်သည်။ ကိုယ်တော်နှင့် မိမိ၏ မိဿဟာယ ဆက်ဆံရေးကို ဂရုမပြုပါက ထိုသို့ ဖြစ်တတ်ပါသည်။
ရှင်ပေါလုက ယုံကြည်သူများ ၀ိညာဉ်ရေးရာ အမြင်ရှိအောင်…
စိတ်နှလုံး သဘောထား
အားကစားကွင်းတွင် မိမိ၏အစွမ်းအစကို အိတ်သွန်ဖာမှောက် ထုတ်သုံးသော အားကစား သမားများ၏ စွမ်းရည်နှင့်ဇောစိတ်တို့ကို ကြည့်ရှု အားပေးရင်း ကျွန်တော်သဘောကျမိသည်။ ၎င်းက အားကစားကို သူတို့ချစ်မြတ်နိုးကြောင်း ဖော်ပြနေ သည်။ တစ်ဖက်မှကြည့်ပြန်လျှင် အားကစားရာသီ ကုန်ခါနီးတွင် အားကစားအသင်းများ အနေဖြင့် ချန်ပီယံဖြစ်ရန်အခွင့်အရေးကုန်ပြီဖြစ်၍ ရှူံးထွက် ပွဲစဉ်များ ကစားပြီးပြိုင်ပွဲမှထွက်ရသည်။ အားကစား သမားများ အနေဖြင့် ‘ဒါပဲလုပ်စရာရှိတယ်လေ’ဟု သဘောထားနေသကဲ့သို့ ထင်ရသည်။ ပြိုင်ပွဲ၌ ပြင်းပြသော ဇောစိတ်မရှိသဖြင့် အခကြေးငွေ ပေးပြီး၊ ပွဲကောင်းကြည့်လိုသူများအတွက် စိတ်ပျက် သွားရတော့သည်။
ဇောစိတ်သည် ကျွန်ုပ်တို့ တစ်ဦးချင်းစီ၏ အသက်တာများအတွက်လည်း အဓိကသော့ချက်ဖြစ်ပါသည်။ မိမိ၏အစေခံပုံက ကိုယ်တော့်အပေါ် ကျွန်ုပ်တို့၏ နှလုံးသား သဘောထားများ မည်သို့ရှိသည်ကို ထင်ရှားဖော်ပြနေပါသည်။ တမန်တော်ကြီးရှင်ပေါလုက ကျွန်ုပ်တို့၏ နေ့စဉ်လုပ်ငန်းဆောင်တာများ လုပ်ကိုင်ပုံ၊ လုပ်ပုံလုပ်နည်းက အစေခံခြင်းအမှု၌ အကျုံးဝင်ကြောင်းဆိုထားသည်။ (ဧ ၆း…
ကယ်တင်ခံရပြီ
၂၀၁၀ ခုနှစ်က ချီလီနိုင်ငံ၌သတ္တုမိုင်းတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ၊ ရက်ပေါင်း ၆၉ ရက်ကြာမျှ ပိတ်မိနေသည့် အလုပ်သမား ၃၃ ဦးထံသို့ ဦးဆုံး ရောက်ရှိသွားသည့် ကယ်ဆယ်ရေးလုပ်သားမှာ မဲနျူအယ် ဇွန်ဇဲလ်ဇံ ဖြစ်သည်။ သူ့အတွက် အသက်အန္တရာယ်ရှိသော်လည်း ပိတ်မိနေသူများကို မြေမျက်နှာပြင်သို့ ပြန်ခေါ်ဆောင်လာရန် ပေ ၂၀၀၀ ကျော်အနက်ရှိ မြေအောက်သို့ ဆင်းကယ်ခဲ့သည်။ အလုပ်သမားတစ်ဦးပြီးတစ်ဦး ကယ်ထုတ်ကာ လွတ်မြောက်စေခဲ့သည်။
သမ္မာကျမ်းစာက ပို၍ အံ့သြဖွယ်ကောင်း သည့် ကယ်တင်ခြင်းအကြောင်းကို ဖော်ပြထား သည်။ အာဒံနှင့်ဧ၀တို့၏မနာခံမှုကြောင့် လူသားထု တစ်ရပ်လုံး အပြစ်ထောင်ချောက်ထဲ သက်ဆင်းခဲ့ရသည် (က ၂း၁၇၊ ၃း၆၊ ၁၉၊ ရော ၅း၁၂)။ ထိုအပြစ်ထောင်ချောက်မှ လွတ်မြောက်အောင် မရုန်းနိုင်ဘဲ လူသားတိုင်းသည် ခန္ဓာ သေခြင်း၊ ထာဝရသေခြင်းကို မလွဲမသွေ ရင်ဆိုင်ရသည်။ ဘုရားသခင်က ယေရှုခရစ်တော် တည်းဟူသည့်…
တားမရ၊ ဆီးမရ
“အပေါ်ဖြစ်ဖြစ်၊ အောက်ဖြစ်ဖြစ်၊ ဘေး ပတ်လည်မှာဖြစ်ဖြစ်၊ မွှေနှောက်ထိုးဖောက်ရမယ်ဆို လည်း ငါဖြစ်အောင်လုပ်မယ်၊ ဘယ်သူမှ ငါ့ကိုတားလို့ မရဘူး” ဟု အခွင့်အရေးကောင်း၊ အကျိုးဖြစ်မည့် အရာတစ်ခုခုကို မြင်လျှင်၊ အကြံပေါ်လာလျှင် လူ တို့တွင် အထက်ပါစိတ်ထားမျိုးကို တွေ့ရကြားရ သည်။ ရှိသမျှ အားအစွမ်းများပုံအောသုံး၍ ဖြစ် အောင်လုပ်တတ်သည်။
ဤသို့ခံယူမှုက အားနည်းချက်ရှိကြောင်း သက်သေပြရန် ဗာလမ်၏မြည်းကို သက်သေအဖြစ် တင်ပြပါမည်။
ဗာလမ်အား အိမ်နီးချင်းနိုင်ငံမှဘုရင်တစ် ပါးက သူ မြိုးမြိုးမြက်မြက်အကျိုးရှိစေမည့် အလုပ်
တစ်ခုကို ကမ်းလှမ်းသည်။ ထိုအလုပ်ကို လက်ခံ သင့်မသင့် ဘုရားသခင်၏ ခွင့်ပြုချက်ရယူရမည်။ ဘုရားသခင်က ခွင့်မပြုသောအခါ ဘုရင့်ကိုယ်စားလှယ်က ပိုကောင်းသောအခွင့်အရေးကို တိုးပေးသည်။ ဘုရားသခင် စိတ် ပြောင်းကောင်းပြောင်းမည်ဟု တွေးပြီး ဗာလမ်က ဘုရားသခင်ကိုထပ်မံ မေးလျှောက်သည်။ ထိုအခါ ကိုယ်တော်က တင်းကြပ်သော သတ်မှတ်ချက်ပေးပြီး…
ကြိုးနီစနစ်
“ကြိုးနီစနစ်” ဟူသည့် အသုံးအနှုန်းသည် အလုပ်တစ်ခုပြီးမြောက်ဆောင်ရွက်နိုင်ရေး ရှုပ်ထွေး ပြီး အရာမရောက်သော စည်းကမ်းနည်းလမ်းများ ကြောင့် အလုပ်မတွင်သဖြင့် စိတ်အနှောင့်အယှက် ဖြစ်မှုကို ဖော်ညွှန်းသည်။ မူလက ထိုစကားစုသည် ရုံးသုံး တရားဝင်စာရွက်စာတမ်းများကို ကြိုးနီဖြင့် တွဲချုပ်သည့် သာမန်အလေ့အကျင့်သာ ဖြစ်သည်။ ၁၈၀၀ ပြည့်နှစ် အစောပိုင်းတွင် စကော့လူမျိုး သမိုင်း ပညာရှင် ‘သောမတ်စ် ကားလိုင်း’ က အုပ်ချုပ်မှုပိုင်း၌ အချိန်ဆွဲ ဖင့်နွှဲနေမှုများကို ဆန့်ကျင်ဆန္ဒပြပြီး၊ ရေးသားတင်ပြခြင်းကြောင့် ထိုစကားစုက ပေါ်ပြူလာဖြစ်သွားသည်။ တဖန် အမေရိကန် ပြည်တွင်းစစ် နောက်ပိုင်းတွင် စစ်ပြန်ရဲဘော်များက ၄င်းတို့၏ အခွင့်အရေးကို တောင်းဆိုရာမှ ကြိုးနီပြဿနာ ပြန်ပေါ်လာသည်။ ထိုစကားစုက အလုပ်ပြီးမြောက်ရန်အရေး အတားအဆီးဖြစ်ပေါ်လာမှုကြောင့် စိတ်ရှုပ် စိတ်အားလျော့ရခြင်းကို ရည်ညွှန်းသည်။
ဗျူရိုကရက်တစ်ကြိုးနီစနစ်က ထင်ရှားလှပါသည်။ သို့သော် စကြ၀ဠာတစ်ခွင်၌ ဘုရားသခင်၏ပလ္လင်တော်တွင် အထက်ပါပြဿနာများ မရှိပြီ။…
ရွှေအမှတ်တရများ
တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့သည် လွန်လေ သောနှစ်များကို ပြန်ပြောင်းအောက်မေ့ရင်း တစ်ချိန် က “ရွှေအမှတ်တရများ”ကို ပြန်တမ်းတမိသည်။
သို့သော် လူအချို့၌ “ခါးသီးသော အမှတ် တရများသာရှိသည်။ ညဥ့်နက်သည့်တိုင် အိပ်မရဘဲ မိမိ၏အရှုံးများ၊ အမှန်အတိုင်း သိရှိ သဘောပေါက် လာမှုများ၊ စိတ်ကူးယဉ်အိပ်မက်များကို စဉ်းစားရင်း ရက်စက်လွန်းသော ဘ၀ဟု တွေးမိသည်။
အတိတ်ကို ဒါဝိဒ်မင်းကြီးကဲ့သို့ အောက်မေ့ သင့်သည်။ သူက “ရှေးလွန်လေပြီးသော ကာလကို အောက်မေ့၍ အလုံးစုံသောအမှုတော်တို့ကို၎င်း၊ လက်တော်ဖြင့် ပြုပြင်သောအရာများနှင့် ဘုရား ကျေးဇူးပြုသည့် ကောင်းမှုအစုစုကို ဆင်ခြင်သည် (၁၄၃း၅)။ ဘုရားသခင်၏ ချစ်ကြင်နာမှုများကို ပြန်သတိရလျှင် နှစ်ကာလတစ်လျှောက် ဘုရား၏ကောင်းကြီးများကို ပြန်တွေ့ရမည်ပင်။ ထိုအမှတ်တရများက အကောင်းဆုံးအခြေအနေကို ခံစားရစေပြီး ဘုရားသခင်ကို ပို၍ တမ်းတမိသည်။ ကိုယ်တော်၏ကြင်နာဂရုပြုမှုကို ပို၍ တောင့်တမိသည်။ ထိုအမှတ်တရ အတိတ်ပုံရိပ်များက ဘုရားသခင်နှင့်ရင်းနှီးကျွမ်းဝင်မိတ်ဖွဲ့စေသည့်အရာအဖြစ်…
ဦးဆောင်သူ၏အမှတ်လက္ခဏာ
ပါဂျူး တက္ကသိုလ်ဝင်းသို့အလွန်အေးသည့် ဆောင်းတွင်းရက်တစ်ရက်တွင်သွားခဲ့ရာ၊ တက္ကသိုလ် ကျောင်းသားများ လူမှုရေးအသင်းအိမ်အနီးရှိ လူသွားလမ်းတွင် လူရွယ်နှစ်ဦးသည် ထူထဲသည့် နှင်းထုကြီးကို ရှင်းနေသည်ကိုတွေ့လိုက်ရသည်။ လူမှုရေးအသင်းမှ ကောလိပ်နှစ်ကြီးသမားများက မောင်မယ်သစ်လွင်နှစ်ဦးကို ပညာပြအလုပ်ကြမ်း ခိုင်းစေတာဝန်ပေးခြင်းဖြစ်မည်ဟု တွေးမိပြီး “ဒီ အဖွဲ့ထဲဝင်တုန်းက ဒီလိုဖြစ်မယ်ဆိုတာ ပြောမပြ ကြဘူးမဟုတ်လား”ဟု ပြောလိုက်မိရာ၊ တစ်ဦးက မော့ကြည့်ပြီး အပြုံးဖြင့် “အင်း... ကျွန်တော်တို့က နှစ်ကြီးသမားတွေပါ။ ကျွန်တော်က အသင်းရဲ့ ဒုဥက္ကဌဖြစ်ပြီး၊ ဒီမိတ်ဆွေကတော့ ဥက္ကဌပါ”ဟု ပြန်ဖြေသည်။ ၄င်းတို့ကို ကျေးဇူးတင်စကားပြောပြီး ကျွန်တော်ဆက်ထွက်ခွာသွားရင်း သူတစ်ပါးကို အစေခံခြင်းသည် ခေါင်းဆောင်စစ်တစ်ဦး၏ အမှတ်လက္ခဏာပင် ဖြစ်ကြောင်း သတိရလိုက်မိပါတော့သည်။
ယေရှု၏ တပည့်တော်နှစ်ဦးက တည်ထောင်လတံ့သော နိုင်ငံတော်၌ သူတို့ကို ရာထူးအခွင့်ကျေးဇူးပြုရန် တောင်းပန်သည်။ ထိုအခါ သခင်က တပည့်တော် (၁၂)ပါး ကို ခေါ်ပြီး “သင်တို့တွင် အကဲအမှူးပြုလိုသောသူသည် သင်တို့အစေခံဖြစ်ရမည်။…
ပုံပြောရန်အချိန်
ငယ်စဉ်ကလေးဘ၀က အမေပုံပြင်စာအုပ် ဖတ်ပြသည်ကို ကျွန်တော် အလွန်ကြိုက်သည်။ အမေ့ပေါင်ပေါ်ထိုင်ပြီး ပုံပြင်နားထောင်သည်။ အမေဖတ်ပြစဉ် ကျွန်တော်က အရုပ်ကို အသေးစိတ် လိုက်ကြည့်ပြီး၊ နောက်တစ်မျက်နှာတွင် ဘာဖြစ် မည်ကို စိတ်စောစွာဖြင့် စောင့်မျှော်မိသည်။ ကျွန်တော်တို့၏ ဘ၀အသက်တာသည်လည်း ပုံပြင် ဇာတ်လမ်းတစ်ခုကို ပြောနေကြောင်း သင်တွေးမိပါ သလား။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ စိတ်ဝင်စားစရာ မကောင်းသည်ဖြစ်စေ၊ ကျွန်ုပ်တို့ ပြောနေသည့် ဇာတ်လမ်းကို လူတို့ကြည့်နေသည်။ နားထောင်နေသည်။ ပြောစကားများသာမက ဘ၀၏တုန်လှုပ်ဖွယ် ကြမ်းတမ်းမှုနှင့်၊ ဘ၀၏ ကောင်းချီး မင်္ဂလာများအပေါ် ကျွန်ုပ်တို့၏တုံ့ပြန်မှု သဘောထား၊ အပြုအမူလုပ်ရပ်များအားဖြင့်လည်းကျွန်ုပ်တို့ ပုံပြောနေကြသည်။
ကျွန်ုပ်တို့၏သားသမီးများ၊ မြေးမြစ်များ၊ အိမ်ထောင်ဖက်များ၊ အိမ်နီးချင်းများ၊
လုပ်ဖော်ဆောင်ဖက်များ - ၎င်းတို့အားလုံးက ကျွန်ုပ်တို့ပြောနေသည့်ဇာတ်လမ်းကိုစောင့်ကြည့်နေကြသည်။ ခရစ်တော်၏နောက်လိုက်များအနေဖြင့် ကျွန်ုပ်တို့၏အသက်တာများ သည် “လူအပေါင်းတို့ သိ၍ဖတ်တတ်သောစာ၊..... မှင်နှင့်ရေးထားသောစာမဟုတ်၊ အသက်ရှင်တော်မူသော ဘုရားသခင်၏ ၀ိညာဉ်တော်နှင့်ရေးသော......…
ဖိတ်ကြားမည့် ဧည့်သည်စာရင်း
ပထမရာစုနှစ်က ပေါ်ပေါက်ခဲ့သော ‘ကိုရန်’ ဂျူးအဖွဲ့အစည်းသည် ပြင်ပလွှမ်းမိုးမှုဖိအားများနှင့် ကင်းအောင် တစ်သီးတစ်ခြားနေထိုင်ပြီး၊ မေရှိယ ကြွလာခြင်းအတွက် ကြိုတင်ပြင်ဆင်ကြသည်။ ၀တ်ပြုကိုးကွယ်ခြင်း၊ ဆေးကြောခြင်း ထုံးတမ်း စဉ်လာများ၊ စာရိတ္တဆိုင်ရာ စည်းကမ်းပြဌာန်း ချက်များကို တင်းကြပ်တိကျစွာ လုပ်ဆောင်နာခံ ကြသည်။ ခြေဆွံ့သူ၊ ကန်းသူ၊ မသန်စွမ်းသူများကို ၎င်းတို့၏ လူမှုအသိုင်းအ၀ိုင်းထဲ အ၀င်မခံ။ ရုပ်ပိုင်းခန္ဓာ၌ချွတ်ယွင်းသူသည် မသန့်ရှင်းဟူသည့် ထုံးတမ်းဓလေ့ကို ၎င်းတို့အခိုင်အမာ ကိုင်စွဲ ယုံကြည်ကြသောကြောင့်ပါ။
တဖက်တွင်မူ ဣသရေလလူတို့၏မေရှိယ သခင်က ယုဒနယ်နှင့်ဂါလိလဲနယ်ရှိ မြို့ရွာတစ်လျှောက်တွင် လှုပ်ရှားနေသည်။ သခင် ယေရှုသည် ခမည်းတော်၏နိုင်ငံတော်ကို ကြွေးကြော်သည်။ သွန်သင်မှုပြုသည်။ နှစ်သိမ့် သက်သာမှုပေးသည်။ အံ့ဖွယ်နိမိတ်လက္ခဏာများပြသည်။ “သင်တို့သည် ပွဲခံသောအခါ ဆင်းရဲသောသူ၊ အင်္ဂါချို့တဲ့သောသူ၊ ခြေမစွမ်းသောသူ၊ မျက်စိကန်းသောသူများကို ခေါ် ဖိတ်လော့။ ထိုသို့ခေါ်ဖိတ်လျှင် မင်္ဂလာရှိလိမ့်မည်။” ဟုပင် ကြွေးကြော်ခဲ့သည် (း၁၃-၁၄)။…
ယေရှုနည်းတူ
အသင်းတော်၏ ကလေးသူငယ်များဝတ် ပြုကိုးကွယ်သည့်အစီအစဉ်၌ ဆရာမက ပညတ် တော် (၁၀)ပါးမှ ပထမပညတ် - “ငါမှတစ်ပါး အခြားသောဘုရားကို မကိုးကွယ်နှင့်” ဟူသည့် အချက်ကို သင်ကြားနေသည် (ထွက်၂၀း၃)။ “သကြားလုံး၊ ကျောင်းစာ၊ ဗွီဒီယိုဂိမ်း ဘယ်အရာ ကမှ ဘုရားသခင်ထက်ပိုပြီး အရေးမကြီးသင့်ဘူး” ဟု ဆရာမက ဥပမာပေးသည်။ ကျမ်းစာဖတ်ခြင်း၊ ဆုတောင်းခြင်းဖြင့် ဘုရားကိုဦးစားပေးသည့်အချိန် ကို ပထမဦးထိပ်ထားသင့်ကြောင်း ရှင်းပြသည်။
ခရစ်ယာန်ဖြစ်ခြင်းသည် စည်းကမ်းပညတ် များကို နာခံခြင်းလား၊ အသက်တာကဏ္ဍအားလုံး၌ ဘုရားသခင်ကိုပါဝင်စေခြင်းလားဟု ပို၍အရွယ်ကြီးသော ကလေးမတစ်ဦးက မေးလိုက်သည်။ ထိုမေးခွန်းက အတွေးကို လှုံ့ဆော်သည့် မေးခွန်းဖြစ်သည်။
တစ်ခါတစ်ရံ၌ ကျမ်းစာကို ပညတ်/စည်းကမ်းစာအုပ်ကြီးအဖြစ် ကျွန်ုပ်တို့ အထင်မှားမိသည်။ ဘုရားသခင်ကိုနာခံခြင်း(ယော၁၄း၂၁)၊ ဘုရားနှင့်အချိန်ယူခြင်းက အရေးကြီးသည်။ သို့သော် ၄င်းကို ပညတ်သဖွယ်နာခံလုပ်ဆောင်သည့် အကျင့် ကျင့် ခြင်းမျိုး မဖြစ်ရပါ။…